GRAND HILL HOTEL

Grand Hill Hotel သည် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိပါသည်။ သာယာလှပသော သဘာဝ ရှုမျှော်ခင်းများနှင့် နုပျိုစိမ်းလန်းသော သစ်တောအုပ်ငယ်များ ၀န်းရံနေသည့် တောင်ကုန်းပေါ် သီးသန့်သဖွယ် တည်ဆောက်ထားပါသည်။ သို့သော် Grand Hill Hotel မှ ဘားအံမြို့လယ်သို့ ငါးမိနစ်ခန့်ဖြင့် လည်းကောင်း၊ ဂေါက်ကွင်းနှင့် စက်မှုဇုံ သို့ ဆယ်မိနစ်ခန့်ဖြင့်လည်းကောင်း၊ အဝေးပြေးကားဂိတ်သို့ ငါးမိနစ်ခန့်ဖြင့်လည်းကောင်း ကားဖြင့် အလွယ်တကူ သွားရောက်နိုင်ပါသည်။
အခြားအာရှ မြို့ကြီးများကဲ့သို့ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ပတ်ဝန်းကျင်လေထု ညစ်ညမ်းခြင်းများကို ဧည့်သည်တော်ကြီးများ တွေ့ကြုံရမည် မဟုတ်ပါ။ ရွှေဧည့်သည်တော်ကြီးများအတွက် Grand Hill Hotel မှ အေးမြလန်းဆန်းသော ၀န်းကျင်နှင့် ငြိမ်းချမ်း တိတ်ဆိတ်မှုကို ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။ ဘားအံမြို့တွင်းနှင့် မြို့ပြင် ဆင်ခြေဖုံးများသို့ သွားရောက်ကြည့်ရှုလည်ပတ်မည်ဆိုပါက တက္ကစီသုံးဘီးနှင့် ဆိုင်ကယ်တို့ဖြင့် လွယ်လင့်တကူ သွားလာနိုင်မည် ဖြစ်ပါသည်။
ဘားအံမြို့အနီးတ၀ိုက် လှည့်လည်ကြည့်ရှုဖွယ်နေရာများသို့ သွားရောက်ရန် (Sight Seeing) များကို ဖော်ပြထားပါသည်။

စီးပွားရေးဆိုင်ရာ ရင်းနှီးမြုတ်နှံလိုသူများအတွက် စိတ်ဝင်စားဖွယ်ရာ ..

ကရင်ပြည်နယ်၏ မြို့တော် ဘားအံသည် သဘာဝ သယံဇာတ ပေါများ ကြွယ်ဝသည့်ဒေသတွင် တည်ရှိသောကြောင့် လျှင်မြန်သော အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာနေသည်ကို ဘားအံ့စက်မှုဇုန်သို့ သွားရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

Grand Hill Hotel Myanmar

Welcome ..

Grand Hill Hotel
Grand Hill Hotel

Contact

Phone : +(95)58 22286, 22491,23375
Mobile : +(95)9 49770491
Fax : +(95)58 22491
Email : info@grandhillmyanmar.com
reception@grandhillmyanmar.com